အသားအရေခြောက်သွေ့၍ အစိုဓာတ်လိုအပ်နေသော ဆယ်ကျော်သက် မိန်းကလေးများ အသုံးပြုနိုင်ပါသည်။Dry skin သမားများအတွက် အထူးသင့်လျော်ပါသည်။ ဗီတာမင်ဓာတ် အပြည့်အဝပါဝင်သော အနီရောင်ဘယ်ရီသီးနှင့် ပြည့်ဝသည့် ပင်လယ်ရေအစွမ်းက အသားအရေထဲသို့ အာဟာရဓာတ်ကို ဖြည့်ဆည်းပေးသဖြင့် ပိုမိုတင်းရင်းမှုရှိစေပါသည်။ Natural Moisturizing Ingredient များက အသားအရေ အတွင်းပိုင်းနေရာအနှံ့ ရေဓာတ်ကို ဖြည့်ဆည်းပေး၍ စိုပြေမှုကို အပြည့်အဝ ရရှိစေကာ သုံးလိုက်သည်နှင့် လန်းဆန်းကာ သက်တောင့်သက်သာရှိမှုကို ခံစားနိုင်သည့်အပြင် ဖြူဝင်းမှုကိုပါ ပေးစွမ်းနိုင်သည့် Moisturizing Essence ဖြစ်ပါသည်။ အသုံးပြုပုံ – Toner လိမ်းပြီးနောက် ၂-၃ကြိမ်လောက် ညှစ်ယူပြီး မြန်မြန်စိမ့်ဝင်နိုင်စေရန် မျက်နှာပြင် အနေအထားအလိုက် ညင်သာစွာ ပုတ်လိမ်းပေးပါ။








